အိုင်အို (ဂြိုဟ်ရံလ)

အိုင်အို
Io
Io highest resolution true color.jpg
Galileo spacecraft true-color image of Io. The dark spot just left of the center is the erupting volcano Prometheus. The whitish plains on either side of it are coated with volcanically deposited sulfur dioxide frost, whereas the yellower regions contain a higher proportion of sulfur.
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူဂယ်လီလီယို
ရှာဖွေတွေ့ရှိသည့် ရက်စွဲ၈ ဇန်နဝါရီ ၁၆၁၀[၁]
အသံထွက်/[၂]
အခြားအမည်များ
Jupiter I
ပါဝင်အရာဝတ္ထုများIonian
ပတ်လမ်း ဂုဏ်အင်များ
Periapsis420000 km (0.002807 AU)
Apoapsis423400 km (0.002830 AU)
ပျမ်းမျှ ပတ်လမ်းအချင်းဝက်
421700 km (0.002819 AU)
ပတ်လမ်း ဗဟိုကျမှု0.0041
ပတ်လမ်း ကာလ
1.769137786 d (152853.5047 s, 42.45930686 h)
ပျမ်းမျှ ပတ်နှုန်း
17.334 km/s
ပတ်လမ်း တိမ်းစောင်းမှု0.05° (to Jupiter's equator)
2.213° (to the ecliptic)
ဂြိုဟ်ရံလများကြာသပတေးဂြိုဟ်
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ဒိုင်မင်းရှင်း3,660.0 × 3,637.4 × 3,630.6 km[၃]
ပျမ်းမျှ အချင်းဝက်
1821.6±0.5 km (0.286 Earths)[၄]
မျက်နှာပြင် ဧရိယာ
41910000 km2 (0.082 Earths)
ထုထည်2.53×1010 km3 (0.023 Earths)
အရွယ်အစား(8.931938±0.000018)×1022 kg (0.015 Earths)[၄]
ပျမ်းမျှ သိပ်သည်းဆ
3.528±0.006 g/cm3[၄]
မျက်နှာပြင် ဒြပ်ဆွဲအား
1.796  (0.183 g)
အင်နားရှားကိန်း
0.3755±0.0045[၅] (estimate)
လွတ်မြောက်အလျင်
2.558 km/s
လှည့်ပတ်ကာလ
synchronous
အီကွေတာ လည်ပတ်မှု အလျင်
271 km/h
Albedo0.63±0.02[၄]
မျက်နှာပြင် အပူချိန်minmeanmax
Surface90 K110 K130 K[၇]
မြင်သာသော အရွယ်အစား
5.02 (opposition)[၆]
လေထု
မျက်နှာပြင် လေထုဖိအား
trace
လေထု၌ ဓာတုပါဝင်နှုန်း90% ဆာလဖာဒိုင်အောက်ဆိုဒ်

အိုင်အိုသည် ကြာသပတေးဂြိုဟ်ကို ပတ်၍နေသော ဂယ်လီလီယို၏ လများ ၄ စင်းရှိသည့်အနက်မှ အတွင်းဘက်အကျဆုံးလမ်းကြောင်းတွင် ပတ်၍နေသော ဂြိုဟ်ရံလတစ်ခုဖြစ်သည်။ နေအဖွဲ့အစည်းတွင်ရှိသော ဂြိုဟ်ရံလများထဲမှ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုလည်း ဖြစ်သည်။ ထိုမျှမကသေး ဂြိုဟ်ရံလအားလုံးတွင်လည်း သိပ်သည်းမှု အမြင့်ဆုံးလတစ်ခုလည်း ဖြစ်သည်။ အိုင်အိုကို ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဂရိဒဏ္ဍာရီထဲမှ ဟီရာနတ်ဘုရားမကို ကိုးကွယ်သူဖြစ်ပြီး နောင်တွင် ဇုစ်နတ်မင်းကြီး၏ အချစ်တော်ဖြစ်လာသူ အိုင်အိုမင်းသမီးကို အစွဲပြု၍ မှည့်ခေါ်ခဲ့သည်။

မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်နှင့် အိုင်အိုဟာ နေအဖွဲ့အစည်းအတွင်း၌ မြေမျက်နှာသွင်ပြင်အရ လှုပ်ရှားမှုအများဆုံး အရာတစ်ခုဖြစ်သည်။[၈][၉] ဤကဲ့သို့ မြေမျက်နှာသွင်ပြင်အရ အလွန်အမင်းလှုပ်ရှားမှုများနေရခြင်းသည် အပူဒီလှိုင်းများကြောင့်ဖြစ်ပြီး ထိုဒီလှိုင်းတို့သည် အိုင်အိုင်၏ အတွင်းပိုင်းနှင့် ကြာသပတေးဂြိုဟ်နှင့် အခြားသော ဂယ်လီလီယိုလများဖြစ်သည့် ယူရိုပါ၊ ဂန်မီဒီ၊ ကယ်လီစတိုတို့အကြား ဆွဲအားများကြောင့် ထွက်ပေါ်လာရခြင်း ဖြစ်သည်။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပြီး မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါသည်။ အချို့တောင်များသည် ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြသည်။[၁၀] အခြားသော ဂြိုဟ်ရံလများကဲ့သို့ ရေ၊ ရေခဲတို့ဖြင့် အဓိကဖွဲ့စည်းထားခြင်းမဟုတ်ပဲ အိုင်အိုသည် ဆီလီကိတ်ကျောက်တုံးများ(silicate rock)ဖြင့် ဗဟိုချက်မဖြစ်သည့် သံရည်ပူ(molten iron) (သို့) အိုင်ရင်း-ဆာဖိုက်(iron-sulfide) ဗဟိုကို ဝန်းရံဖွဲ့စည်းထားသည်။ အိုင်အို၏ မျက်နှာပြင်တွင် ကျယ်ပြန့်သော လွင်ပြင်များလည်းရှိပြီး ဆာဖာနှင့် ဆာဖာဒိုင်အောက်ဆိုဒ် အမှုန်များဖြင့် ဖုံးလွှမ်း၍ နေသည်။

အိုင်အိုသည် ၁၇ ရာစုနှင် ၁၈ ရာစု၏ နက္ခတ္တဗေဒပညာရပ် တိုးတက်ပြောင်းလဲမှုအတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ၁၆၁၀ ခုနှစ် ဇန်နဝါရီလတွင် ဂယ်လီလီယိုမှ အခြားသော ဂယ်လီလီယို လများနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ရှိခဲ့မှုသည် ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီအား သက်သေပြမှု၊ ကပ်ပလာ၏ ရွေ့လျားမှုဥပဒေသနှင့် အလင်းအလျင်ကို ပထမဆုံးအကြိမ်တွက်ချက်ခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေခဲ့သည်။ ကမ္ဘာမှနေလျှင် အိုင်အိုကို အလင်းစက်လေးအဖြစ် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းကာလအထိ သိရှိခဲ့ရပြီး နှောင်းပိုင်းမှသာ အနီရင့်ရောင် ဝန်ရိုးစွန်းများ၊ အလင်းတောက်နေသော အီကွေတာ ဒေသများဖြင့် သူ၏ မျက်နှာပြင်ကို အကြီးချဲ့ သရုပ်ခွဲနိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ဗွိုင်ယေဂျာ အာကာသယာဉ်နှစ်စီး ထုတ်လွှင့်သော အချက်အလက်များအရ အိုင်အိုသည် များလှစွာသော မီးတောင်များ၊ ကြီးမားသော တောင်များရှိပြီး ဥက္ကာခဲများဖြင့် ထိခိုက်မှုကြောင့်ဖြစ်သော ချိုင့်ဝှမ်းကြီး (မီးတောင်ဝ)တို့ မရှိသည့် မြေမျက်နှာပြင်အစရှိသော မြေမျက်နှာသွင်ပြင်ဆိုင်ရာ လှုပ်ရှားမှုများရှိသည့် ကမ္ဘာတစ်ခုအဖြစ် ထုတ်ဖော်နိုင်ခဲ့သည်။ ဂယ်လီလီယို အာကာသယာဉ်၏ ၁၉၉၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ်များအထိ အနီးကပ်ဖြတ်၍ ပျံသန်းခြင်းများကြောင့် အိုင်အို၏ အတွင်းပိုင်းတည်ဆောက်ပုံနှင့် မျက်နှာပြင်ဖွဲ့စည်းပုံ အချက်အလက်များ ရရှိခဲ့သည်။ ဤအာကာသယာဉ်မှ ထုတ်ပြန်သော အချက်အလက်များအရ အိုင်အိုနှင့် ကြာသပတေးဂြိုဟ်တို့၏ သံလိုက်စက်ကွင်းများ(magnetosphere)အကြား ဆက်နွယ်မှုနှင့် ခါးပတ်ကွင်းများ၏ စွမ်းအင်မြှင့်ဖြာထွက်မှု(high-energy radiation)သည် အိုင်အို၏ပတ်လမ်းပေါ် ဗဟိုချက်အဖြစ်တည်ရှိနေမှုတို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ အိုင်အိုသည် တနေ့လျှင် အိုင်းရင်းဖြာထွက်မှု(ionizing radiation)ကို ၃,၆၀၀ rem (၃၆ Sv) ကို လက်ခံရရှိနေသည်။[၁၁]

နောက်ထပ်သော လေ့လာမှုများကို ကာစီနီ-ဟိုင်ဂင်အာကာသယာဉ်ဖြင့် ၂၀၀၀ ခုနှစ်တွင် လည်းကောင်း၊ New Horizons အာကာသယာဉ်ဖြင့် ၂၀၀၇ ခုနှစ်တွင်လည်းကောင်း၊ ကမ္ဘာဂြိုဟ်အခြေပြု တယ်လီစကုပ်များနှင့်လည်းကောင်း၊ ဟပ်ဘယ် အာကာသ တယ်လီစကုပ်ဖြင့်လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။

Other Languages
Afrikaans: Io (maan)
Alemannisch: Io (Mond)
العربية: آيو (قمر)
asturianu: Ío (lluna)
azərbaycanca: İo
تۆرکجه: آیو (قمر)
беларуская: Іо (спадарожнік)
беларуская (тарашкевіца)‎: Іо (спадарожнік Юпітэра)
български: Йо (спътник)
brezhoneg: Io (loarenn)
bosanski: Ija (satelit)
Mìng-dĕ̤ng-ngṳ̄: Io (ôi-sĭng)
corsu: Io
čeština: Io (měsíc)
Чӑвашла: Ио (спутник)
Cymraeg: Io (lloeren)
dansk: Io (måne)
Deutsch: Io (Mond)
Ελληνικά: Ιώ (δορυφόρος)
English: Io (moon)
Esperanto: Ioo (luno)
español: Ío (satélite)
eesti: Io (kuu)
euskara: Io
فارسی: آیو (قمر)
suomi: Io (kuu)
français: Io (lune)
Gaeilge: Io (gealach)
galego: Ío (lúa)
עברית: איו (ירח)
हिन्दी: आयो (उपग्रह)
hrvatski: Ija (mjesec)
magyar: Ió (hold)
հայերեն: Իո (արբանյակ)
Bahasa Indonesia: Io
íslenska: Íó (tungl)
italiano: Io (astronomia)
日本語: イオ (衛星)
ქართული: იო
қазақша: Ио (серік)
한국어: 이오 (위성)
Кыргызча: Ио
Lëtzebuergesch: Io (Mound)
лезги: Ио
lietuvių: Ijo (palydovas)
latviešu: Jo (pavadonis)
македонски: Ија (месечина)
മലയാളം: അയോ
монгол: Ио (дагуул)
Bahasa Melayu: Io (bulan)
Mirandés: Io
Plattdüütsch: Io (Maand)
Nederlands: Io (maan)
norsk nynorsk: Jupitermånen Io
norsk: Io (måne)
occitan: Io (luna)
پنجابی: آئیو
português: Io (satélite)
română: Io (satelit)
русский: Ио (спутник)
sicilianu: Io (satèlliti)
Scots: Io (muin)
سنڌي: آيو
srpskohrvatski / српскохрватски: Io (mjesec)
සිංහල: අයෝ
Simple English: Io (moon)
slovenčina: Io (mesiac)
slovenščina: Io (luna)
српски / srpski: Ија (сателит)
svenska: Io (måne)
тоҷикӣ: Ио (радиф)
Tagalog: Io (buwan)
Türkçe: İo (uydu)
татарча/tatarça: Ио (иярчен)
українська: Іо (супутник)
Tiếng Việt: Io (vệ tinh)
Winaray: Io (bulan)
吴语: 木卫一
中文: 木卫一
文言: 木衛一
Bân-lâm-gú: Io (oē-chheⁿ)
粵語: 木衛一