မိုးလေဝသပညာ

တိုးတက်နေသော နိုင်ငံများတွင် တောင်သူလယ်သမား၊ လှေသမား၊ သင်္ဘောသား၊ လေယာဉ်ပျံမောင်းသမား၊ အင်ဂျင်နီယာ အစရှိသော ပုဂ္ဂိုလ်တို့သည် မိုးလေဝသ ခန့်မှန်းရေးပညာကို အားထားရသည်။ ထိုနိုင်ငံများရှိ မိုးလေဝသဌာနများသည်လည်း အကြောင်းကိစ္စ အမျိုးမျိုးအတွက် ဆီလျော်ရာ မိုးလေဝသ ခန့်မှန်းချက်အမျိုးမျိုး ထုတ်ပေးရလေသည်။


ရှေးအထက်ကျော် ကာရီကပင် လူတို့သည် မိုးလေဝသ အခြေအနေ ခန့်မှန်းခြင်းကို လေ့လာခဲ့ကြသည်။ တောင်သူ လယ်သမားတို့သည် မိမိတို့လုပ်ငန်းသို့ မဆင်းမီ ကောင်းကင် ကိုကြည့်၍ ထိုနေ့အတွက် နေသာမသာ မိုးရွာမရွာကို ခန့်မှန်း ပြီးမှ ထင်းခုတ်သင့်လျှင် ထင်းခုတ်သွားကြ၊ လယ်ထွန်သင့်လျှင် လယ်ထွန်သွားကြလေ့ရှိသည်။ ထို့အတူ တံငါသည် လှေသမား တို့သည်လည်း အလုပ်မသွားမီ ဥတုရာသီအခြေအနေကို မှန်းဆ ကြည့်လေ့ရှိကြသည်။ ယခုခေတ် တိုးတက်နေသောနိုင်ငံများမှ တောင်သူလယ်သမား၊ လှေသမား၊ သင်္ဘောသား၊ လေယာဉ်ပျံ မောင်းသမား၊ အင်ဂျင်နီယာ အစရှိသော ပုဂ္ဂိုလ်တို့သည် မိုးလေဝသခန့်မှန်းရေးပညာကို အားထားနိုင်ကြသည်။ မိုးလေ ဝသပညာသည် ခက်ခဲနက်နဲသော ပညာရပ်တစ်ခုဖြစ်သည်။

ယခုအခါ နိုင်ငံတိုင်းတွင် မိုးလေဝသဌာန တည် ထောင်ထားကြသည်။ မိုးလေဝသဌာနမှ မိုးလေဝသသတင်းများ ကို နေ့စဉ် ထုတ်ပြန်လျက်ရှိ၏။ ထိုသတင်းများတွင် လွန်ခဲ့ သော ၂၄ နာရီအတွင်းက ဖြစ်ပျက်မည့် ခန့်မှန်းချက်ကို ဖော်ပြ လေ့ရှိသည်။ မိုးလေဝသသတင်းများကို သတင်းစာများ၌ ဖတ်ရှု နိုင်၍ ရံဖန်ရံခါ အသံလွှင့်ကြေညာချက်များကိုလည်း ကြားနာ နိုင်လေသည်။

မိုးလေဝသ မှတ်တမ်းဟောင်းများ အသုံးဝင်ပုံ

တိုင်းတာရေးစခန်းများမှ တိုင်းတာမှတ်သားထားသော မှတ်တမ်းများကို ဗဟိုရုံးကြီး၌ စုဆောင်းထိန်းသိမ်းထား၍ နေ့စဉ်၊ သီတင်းစဉ်၊ လစဉ်၊ နှစ်စဉ် မှတ်စုများ ကောက်နုတ် ရေးသားပြုစုကြသည်။ နယ်တစ်နယ်၏ ရာသီဥတု အခြေအနေ သည် ထိုနယ်၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည် တို့အပေါ်တွင် များစွာ အကျိုးသက်ရောက်လေသည်။ စက်ရုံ အလုပ်ရုံကြီးများ တည်ဆောက်ရာ၌ မိုးလေဝသ မှတ်တမ်း ဟောင်းများမှ အရေးပါအရာရောက်သော အထောက်အထားများ ရနိုင်လေသည်။ ဥဒါဟရုဏ်၊ ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းအတွက် လွန်ခဲ့သောနှစ်များက မိုးရေ ချိန် မှတ်တမ်းဟောင်းများသည် အလွန်အသုံးဝင်သည်။ တစ်ဖန် ချည်ထည်၊ စီးကရက်၊ ဆေးလိပ်၊ စက္ကူစသော စက်မှုလုပ်ငန်း များအဖို့ လေ၏စိုထိုင်းမှုသည် အလွန်အရေးကြီးပေသည်။ ထို့ ကြောင့် လုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်ရာ၌ သင့်တင့်လျောက်ပတ် သော ဥတုရာသီရှိသည့်နေရာကို ရွေးချယ်နိုင်ရန် မှတ်တမ်း ဟောင်းများမှ များစွာအထောက်အပံ့ယူရပေသည်။ အဆောက် အအုံ အင်ဂျင်နီယာတို့သည် တိုက်အိမ်အဆောက်အအုံ တည် ဆောက်ဖို့ သင့်လျော်သောပစ္စည်း ရွေးချယ်နိုင်ရန် သာမန် ရာသီဥတုအခြေအနေနှင့် ရာသီဥတုဖောက်ပြန်တတ်သော အခြေ အနေတို့ကို သိရှိရန်လိုပေသည်။ သိပ္ပံပညာနှင့် စက်မှုလက်မှု ပညာ သုတေသနလုပ်ငန်းများတွင် သုတေသီပုဂ္ဂိုလ်တို့သည် မကြာခဏပင် မှတ်တမ်းဟောင်းများကို ကိုးကားမှီငြမ်းပြုကြရ လေသည်။ တစ်ခါတစ်ရံ မိုးလေဝသပညာရှင်တို့သည် တရားရုံး များ၌ အမှုအခင်းဖြစ်ပွားသောနေ့က ဖြစ်ပျက်ခဲ့သော မိုးလေ ဝသ အခြေအနေကို သက်သေခံကြရသည်။ ထိုအကြောင်းများ ကြောင့် စနစ်တကျ စုဆောင်ထိန်းသိမ်းထားသော မိုးလေဝသ တိုင်းတာချက် မှတ်တမ်းဟောင်းများသည် အလွန်တန်ဖိုးရှိလေ သည်။ အခြား အစိုးရဌာနများကဖြစ်စေ၊ ကုန်သည်ကြီးငယ် စသော မည်သည့်ပုဂ္ဂိုလ်ကပင်ဖြစ်စေ မှတ်တမ်းဟောင်းများ အလိုရှိ၍ တောင်းဆိုသောအခါ ပေးနိုင်ရန် မိုးလေဝသရုံး၌ အရေးတယူ စုဆောင်းထိန်းသိမ်းထားရလေသည်။

မိုးလေဝသ ခန့်မှန်းချက်

အကြောင်းကိစ္စအမျိုးမျိုးအတွက် ဆီလျော်ရာ မိုးလေ ဝသခန့်မှန်းချက် အမျိုးမျိုးထုတ်ရလေသည်။ လေယာဉ်ပျံမောင်း သမားတို့အတွက် ခန့်မှန်းချက်၌ လေယာဉ်ပျံ ပျံသန်းမည့် လမ်းခရီး၌ မည်သည့်တိမ်မျိုးတွေ့ရမည်၊ မိုးရွာမည်၊ သို့မဟုတ် နေသာမည်၊ အမြင်တာ မည်မျှရှိမည်၊ လေစီးနှုန်းနှင့် လေ တိုက်ခတ်မည့်အရပ် စသော အကြောင်းအချက်များကို ခန့်မှန်း ပေးရသည်။ စိုက်ပျိုးရေးနှင့် ဆည်မြောင်း တာတမံဌာနများ အတွက် ခန့်မှန်းချက်၌ကား မိုးကြီးရွာဖွယ်ရာ အကြောင်းရှိလျှင် မိုးရေချိန်မည်မျှရှိသော မိုးကြီးမျိုးရွာမည်ကို ခန့်မှန်းချက်ပေးရ လေသည်။ ပင်လယ်ခရီးသွား သင်္ဘောများအတွက် ခန့်မှန်းချက်၌ ပင်လယ်ပြင်မည်သည့်နေရာ၌ ရာသီဥတုအခြေအနေ ဆိုးရွား ဖောက်ပြန်နေသည်၊ မည်သည့်နေရာ၌ လေမုန်တိုင်းကျနေသည်။ ပင်လယ်ပြင်တွင် မည်သည့်အရပ်က မည်မျှပြင်းထန်သောလေ တိုက်ခတ်မည်။ လှိုင်းတံပိုး မည်မျှထကြွမည် စသည်တို့ကို ခန့်မှန်းပြရလေသည်။ ပင်လယ်ဆိပ်ကမ်းဘက်ဆိုင်ရာ ဌာန အတွက်ကား လေမုန်တိုင်းကျရောက်၍ ဆိပ်ကမ်းကို လေပြင်း ဘေးဒဏ် ထိခိုက်ဖွယ်ရာ အကြောင်းရှိလျှင် သက်ဆိုင်ရာပုဂ္ဂိုလ် တို့အား သင့်လျော်သော သတိပေးချက်များ ထုတ်ပြန်ပေးရလေ သည်။ ပြည်သူလူထုအတွက်ကား တစ်ပြည်လုံးအတွက် အထွေ ထွေ မိုးလေဝသအခြေအနေ ခန့်မှန်းချက်များ ထုတ်ပြန်ရလေ သည်။ ထို့အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရံဖန်ရံခါ အထူးခန့်မှန်းချက်များ ထုတ်ပြန်ရလေသည်။ အချို့ နိုင်ငံများ၌ ရက်ပေါင်းများစွာက ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်ပေးသော လုပ်ငန်းရှိ၍ အကြောင်းကိစ္စနှင့် လျော်ညီစွာ သီတင်းတစ်ပတ်၊ နှစ်ပတ် သို့မဟုတ် လပေါင်းများစွာ ကြို တင်၍ ခန့်မှန်းချက်များ ထုတ်ပြန်နိုင်ကြလေသည်။

မိုးလေဝသတိုင်းတာရေးစခန်းများ

မိုးလေဝသတိုင်းတာရေးစခန်း အမျိုးမျိုးအစားစားရှိကြ သည်။ အစိုးရမိုးလေဝသဌာနက တည်ထောင်ဖွင့်လှစ်ထားသော တိုင်းတာရေးစခန်းများ၌ အစိုးရလခစား၊ ကျွမ်းကျင်သော တိုင်းတာရေးမှူးများရှိကြသည်။ ယခုခေတ် ပထမတန်းတိုင်းတာ ရေး စခန်းတစ်ခု၌ ရေဒါစက်၊ ရာဝင်းစက်၊ ရေဒီယိုဆောင်း ခေါ် အထက်လေထု၏ ဖိအား၊ အပူချိန်၊ စိုထိုင်းမှု စသည် တို့ကို တိုင်းမှတ်အသံလွှင့်စက်၊ ငလျင်မှတ်စက်၊ မိုးလေဝသ အခြေအနေ စုံစမ်းကင်းထောက်ပျံသန်းရန် လေယာဉ်ပျံ အစရှိ သော အထူးခေတ်မီသည့် ကိရိယာတန်ဆာများပါ တပ်ဆင် ထားကြလေသည်။ ထိုစခန်းများ၌ တိုင်းတာချက်များကို နေ့ ရော ညဉ့်ပါ နာရီတိုင်း အဆက်မပြတ် တိုင်းတာမှတ်သားကြ သည်။ တိုးတက်နေသော တိုင်းနိုင်ငံကြီးများ၌ စေတနာ့ ဝန်ထမ်း တိုင်းတာရေးမှူးများ ရှိကြသည်။ ထိုပုဂ္ဂိုလ်တို့ကို မိုးလေဝသရုံးသို့ အခကြေးငွေမယူကြဘဲ ပေးပို့ကြသည်။ အောက်ဆုံးတန်း စေတနာ့ဝန်ထမ်း တိုင်းတာရေး စခန်းတစ်ခု၌ မိုးရေချိန်ခွက်တစ်ခုသာ တပ်ဆင်ထားတတ်၍ တိုင်းတာချက်ကို တစ်နေ့တစ်ကြိမ်သာ မှတ်ယူလေသည်။ အထက်ဖော်ပြပါ တိုင်းတာရေးစခန်း နှစ်မျိုးကြားတွင် တိုင်းတာရေးစခန်း အမျိုး မျိုး ရှိသေးသည်။ တပ်ဆင်ထားရှိသော ကိရိယာအမျိုးအစားနှင့် တစ်နေ့လျှင် တိုင်းတာမှတ်သားရသည့် အကြိမ်ပေါင်းကို လိုက် ၍ တိုင်းတာရေးစခန်း၏ အဆင့်အတန်းကို သတ်မှတ်လေ သည်။

မိုးလေဝသခန့်မှန်းပုံ

မိုးလေဝသခန့်မှန်းရေး လုပ်ငန်းအတွက် ကျယ်ဝန်း သော နယ်အတွင်းရှိ တိုင်းတာရေးစခန်းများမှ တိုင်းတာချက် များ ရရှိရန်လိုပေသည်။ မိုးလေဝသ ခန့်မှန်းရေးမှူးတို့သည် အထောက်အထားပြုရန် တိုင်းတာချက် ရနိုင်သမျှ လိုချင်ပေ သည်။ မြေပြင်စခန်းများမှ တိုင်းတာချက်များအပြင် ပင်လယ် ခရီးသွား သင်္ဘောများမှ တိုင်းတာချက်များလည်း လိုပေသေး သည်။ တိုင်းတာချက်များကို တစ်နေရာမှ တစ်နေရာသို့ ပေးပို့ ရန် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ရှိရသည်။ စခန်း များ၌ တိုင်းတာချက်များ မှတ်ယူပြီးလျှင်ပြီးချင် ဗဟိုမိုးလေဝသ ရုံးသို့ ကြေးနန်းဖြင့်ဖြစ်စေ၊ စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်းဖြင့် ဖြစ်စေ၊ အဝေးပို့စာရိုက်စက်ဖြင့် ဖြစ်စေ အမြန်ပေးပို့ကြရသည်။ ဗဟိုမိုးလေဝသရုံးသို့ ရောက်သောအခါ တိုင်းတာချက်များကို မိုးလေဝသမြေပုံပေါ်၌ သင်္ကေတ အမှတ် လက္ခဏာများဖြင့် ရေးဆွဲကြရသည်။ မြေပုံများရေးဆွဲပြီးသော အခါ ခန့်မှန်းရေးမှူးတို့သည် အခြေအနေကို စိစစ်ဝေဖန်ပြီးမှ ခန့်မှန်းချက်အမျိုးမျိုး ထုတ်ပြန်နိုင်သည်။


Other Languages
Afrikaans: Meteorologie
Alemannisch: Meteorologie
aragonés: Meteorolochía
asturianu: Meteoroloxía
azərbaycanca: Meteorologiya
تۆرکجه: متورولوژی
башҡортса: Метеорология
Boarisch: Meteorologie
žemaitėška: Meteuoruoluogėjė
беларуская: Метэаралогія
беларуская (тарашкевіца)‎: Мэтэаралёгія
български: Метеорология
भोजपुरी: मौसम बिज्ञान
brezhoneg: Meteorologiezh
bosanski: Meteorologija
català: Meteorologia
Mìng-dĕ̤ng-ngṳ̄: Ké-chiông
čeština: Meteorologie
Cymraeg: Meteoroleg
Deutsch: Meteorologie
Ελληνικά: Μετεωρολογία
English: Meteorology
Esperanto: Meteologio
español: Meteorología
euskara: Meteorologia
estremeñu: Meteorologia
فارسی: هواشناسی
føroyskt: Veðurfrøði
français: Météorologie
Nordfriisk: Wääderkunde
Frysk: Waarkunde
Gàidhlig: Eòlas-sìde
hrvatski: Meteorologija
Kreyòl ayisyen: Meteyoloji
interlingua: Meteorologia
Bahasa Indonesia: Meteorologi
Interlingue: Meteorologie
íslenska: Veðurfræði
italiano: Meteorologia
日本語: 気象学
Patois: Miitaralaji
la .lojban.: timske
Qaraqalpaqsha: Meteorologiya
қазақша: Метеорология
한국어: 기상학
kurdî: Meteorolojî
Кыргызча: Метеорология
Latina: Meteorologia
Lëtzebuergesch: Meteorologie
Lingua Franca Nova: Meteorolojia
Limburgs: Meteorologie
lumbaart: Meteurulugía
lingála: Meteyó
lietuvių: Meteorologija
latviešu: Meteoroloģija
македонски: Метеорологија
Bahasa Melayu: Meteorologi
Mirandés: Meteorologie
Plattdüütsch: Meteorologie
Nedersaksies: Meteorologie
Nederlands: Meteorologie
norsk nynorsk: Meteorologi
occitan: Meteorologia
polski: Meteorologia
português: Meteorologia
Runa Simi: Mit'a yachay
română: Meteorologie
русский: Метеорология
sicilianu: Mitiuruluggìa
srpskohrvatski / српскохрватски: Meteorologija
Simple English: Meteorology
slovenčina: Meteorológia
slovenščina: Meteorologija
српски / srpski: Метеорологија
svenska: Meteorologi
Kiswahili: Metorolojia
тоҷикӣ: Ҳавошиносӣ
Türkmençe: Meteorologiýa
Tagalog: Meteorolohiya
Türkçe: Meteoroloji
татарча/tatarça: Метеорология
українська: Метеорологія
اردو: موسمیات
oʻzbekcha/ўзбекча: Meteorologiya
vèneto: Meteorołogia
Tiếng Việt: Khí tượng học
Winaray: Meteorolohiya
მარგალური: მეტეოროლოგია
中文: 气象学
Bân-lâm-gú: Khì-siōng-ha̍k
粵語: 氣象學