ဗွိုင်ယေဂျာ ၂ အာကာသယာဉ်

Voyager 2
Voyager spacecraft.jpg
ဗွိုင်ယေဂျာ ၂
မက်ရှင်အမျိုးအစားဂြိုဟ်လေ့လာရေး
အော်ပရေတာNASA / JPL[၁]
နိုင်ငံတကာ ဒီဇိုင်းဆရာ1977-076A[၂]
ဂြိုလ်တု ကတ်သလောက်နံပါတ်10271[၃]
ဝဒ်ဆိုဒ်voyager.jpl.nasa.gov
အာကာသယာဉ် ဂုဏ်သတ္တိများ
ထုတ်လုပ်သူJet Propulsion Laboratory
ပစ်လွှတ် ထုထည်၇၂၁.၉ ကီလိုဂရမ် (၁,၅၉၂ ပေါင်)
ပါဝါ420 watts
မက်ရှင် စတင်ခြင်း
ဒုံးပျံTitan IIIE
ပစ်လွှတ်နေရာCape Canaveral
ဂျူပီတာဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုJuly 9, 1979, 22:29:00 UTC
အကွာအဝေး၅၇၀,၀၀၀ ကီလိုမီတာ (၃၅၀,၀၀၀ မိုင်)
စနေဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုAugust 25, 1981, 03:24:05 UTC
အကွာအဝေး၁၀၁,၀၀၀ km (၆၃,၀၀၀ mi)
ယူရေးနပ်စ်ဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုJanuary 24, 1986, 17:59:47 UTC
အကွာအဝေး၈၁,၅၀၀ km (၅၀,၆၀၀ mi)
နက်ပကျွန်းဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုAugust 25, 1989, 03:56:36 UTC
အကွာအဝေး၄,၉၅၀ km (၃,၀၈၀ mi)

ဗွိုင်ယေဂျာ ၂ အာကာသယာဉ် (အင်္ဂလိပ်: Voyager 2) သည် နာဆာ အဖွဲ့မှ ဂျူပီတာဂြိုဟ်စနေဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကို လေ့လာရန် အသုံးပြုသော အာကာသယာဉ် ဖြစ်သည်။ ယခုအချိန်တိုင်အောင် ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တိုင်အောင် သွားရောက်သော တစ်စင်းတည်းသော အာကာသယာဉ် ဖြစ်သည်။ ထို့ကြောင့် ထိုဂြိုဟ် နှစ်ခုနှင့် ဆက်စပ်သော ပုံအများစုမှာ ထိုအာကာသယာဉ်မှ ပေးပို့ခဲ့သော ပုံများပင်ဖြစ်သည်။ ထိုယာဉ်သည် ညီအစ်မယာဉ် ဗွိုင်ယေဂျာ ၁ အာကာသယာဉ် နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ ထိုအာကာသယာဉ်သည် လက်ရှိတွင် နေအဖွဲ့အစည်းမှ ဝေးရာသို့ ရွေ့လျားနေပြီး နေအဖွဲ့အစည်း အပြင်ဘက်ပိုင်းသို့ ဦးတည် သွားလာလျှက် ရှိသည်။ ၂ဝ၁၅ ခုနှစ် ဧပရယ်လအရ ယာဉ်သည် နေမှ ၁ဝ၈ AU (၁.၆၂×၁ဝ၁ဝ ကီလိုမီတာ) အကွာတွင် ရောက်နေသည်။[၄]

ဗွိုင်ယေဂျာ၂ အာကာသယာဉ်ကို ၁၉၇၇၊ ဩဂုတ်လ ၂၀ ရက်တွင် လွှတ်တင် ခဲ့သည်။ ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် မည်သည့်ကြယ်ကိုမှ ဦးတည်ပြီး စေလွှတ်ခဲ့သည် မဟုတ်ပေ။ သို့သော်လည်း နှစ်ပေါင်း ၄ဝဝဝဝ ကြာလျင် ယင်းသည် အလင်းနှစ် ၁.၇ အကွာသို့ ရောက်ရှိမည်ဖြစ်သည်။ အကယ်၍ စက်ပစ္စည်းကောင်းမွန်နေပါက ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် အလင်းနှစ် ၄.၃ အကွာမှ ဆိုင်ရပ်စ်ကြယ်သို့ နှစ်ပေါင်း ၂၉၆ဝဝဝ အကြာတွင် ရောက်ရှိမည်ဖြစ်သည်။ ဗွိင်ယေဂျာ ၂ အာကာသယာဉ်သည် သက္ကရာဇ် ၂ဝ၂၅ ခုနှစ်အထိ အားပျော့သော ရေဒီယိုဆက်သွယ်မှုကို ထုတ်ပေးနေအုံးမည်ဟု မျော်လင့်ရပါသည်။ ထိုနောက်ပိုင်းတွင်ကား လုံလောက်သော လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်တော့မည်မဟုတ်ပါ။


ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းစလုံးတွင် ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ ပုံများ နှင့် အသံများကို ထည့်သွင်းထားသော ရွှေဓာတ်ပြား တစ်ချပ်စီ ပါရှိသည်။ ထို့ပြင် ဘာသာစကားပေါင်း အမျိုး ၅ဝ ကျော် ထည့်သွင်းထားပြီး ကမ္ဘာမြေတည်နေရာအား ဖော်ပြထားသည်။ ထိုဓာတ်ပြားများကို ဂြိုဟ်သားများနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

Other Languages
Afrikaans: Voyager 2
Alemannisch: Voyager 2
العربية: فوياجر 2
azərbaycanca: Voyacer 2
تۆرکجه: وویجر ۲
беларуская: Вояджэр-2
беларуская (тарашкевіца)‎: Вояджэр-2
български: Вояджър 2
বাংলা: ভয়েজার ২
bosanski: Voyager 2
català: Voyager 2
čeština: Voyager 2
Cymraeg: Voyager 2
dansk: Voyager 2
Deutsch: Voyager 2
Ελληνικά: Βόγιατζερ 2
English: Voyager 2
Esperanto: Voyager 2
español: Voyager 2
eesti: Voyager 2
euskara: Voyager 2
فارسی: وویجر ۲
suomi: Voyager 2
français: Voyager 2
Gaeilge: Voyager 2
galego: Voyager 2
עברית: וויאג'ר 2
hrvatski: Voyager 2
magyar: Voyager–2
հայերեն: Վոյաջեր-2
Bahasa Indonesia: Voyager 2
íslenska: Voyager 2
italiano: Voyager 2
한국어: 보이저 2호
Latina: Voyager 2
Lëtzebuergesch: Voyager 2
lumbaart: Voyager 2
lietuvių: Voyager 2
latviešu: Voyager 2
монгол: Вояжер 2
Bahasa Melayu: Voyager 2
Mirandés: Voyager 2
Plattdüütsch: Voyager 2
Nederlands: Voyager 2
norsk nynorsk: Voyager 2
norsk: Voyager 2
occitan: Voyager 2
polski: Voyager 2
português: Voyager 2
română: Voyager 2
русский: Вояджер-2
sicilianu: Voyager 2
Scots: Voyager 2
srpskohrvatski / српскохрватски: Voyager 2
Simple English: Voyager 2
slovenčina: Voyager 2
slovenščina: Voyager 2
српски / srpski: Vojadžer 2
svenska: Voyager 2
தமிழ்: வொயேஜர் 2
తెలుగు: వోయెజర్ 2
тоҷикӣ: Вояҷер-2
Türkçe: Voyager 2
українська: Вояджер-2
Tiếng Việt: Voyager 2
Yorùbá: Voyager 2
Bân-lâm-gú: Voyager 2