နယူးယောက်မြို့
English: New York City

နယူးယောက်မြို့
မြို့ပြ
City of New York
ထိပ်မှစ၍ လက်ျာရစ်: မန်ဟက်တန်မြို့လယ်၊ တိုင်းမ်စကွဲယား၊ ယူနီစဖီးယား၊ဘရွတ်ကလင်တံတား ၊ မန်ဟက်တန်အောက်ပိုင်း၊ ဝမ်း ဝေါလ်ထရိတ်စင်တာ၊ စင်ထရယ်ဥယျာဉ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်တု
ထိပ်မှစ၍ လက်ျာရစ်: မန်ဟက်တန်မြို့လယ်၊ တိုင်းမ်စကွဲယား၊ ယူနီစဖီးယား၊ဘရွတ်ကလင်တံတား ၊ မန်ဟက်တန်အောက်ပိုင်း၊ ဝမ်း ဝေါလ်ထရိတ်စင်တာ၊ စင်ထရယ်ဥယျာဉ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်တု
နယူးယောက်မြို့၏ အလံတော်
အလံတော်
နယူးယောက်မြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
နာမည်ပြောင်(များ):
ပန်းသီးကြီး, ဂိုသမ်,စကြာဝဠာ၏ အလယ်ဗဟို, မအိပ်သောမြို့
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်မြို့ သည် New York တွင် တည်ရှိသည်
နယူးယောက်မြို့
နယူးယောက်မြို့
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ
ကိုဩဒိနိတ်: 40°43′N 74°0′W / 40°43′N 74°0′W / 40.717; -74.000
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပြည်နယ်နယူးယောက်
ကောင်တီများဘရောင့်စ်
ကင်းစ်
နယူးယောက်
ကွင်းစ်
ရစ်ချ်မွန်
တည်ထောင်ခြင်း၁၆၂၄
အစိုးရ
 • အမျိုးအစားမြို့တော်ဝန် ကောင်စီ
 • မြို့တော်ဝန်ဘီလ် ဒီ ဘလာစီဒို (ဒီမိုကရက်တစ်ပါတီ)
ဧရိယာ
 • မြို့ပြ၄၆၈.၉ စတုရန်းမိုင် (၁၂၁၄.၄ စတုရန်းကီလိုမီတာ)
 • ကုန်းမြေ၃၀၄.၈ စတုရန်းမိုင် (၇၈၉.၄ စတုရန်းကီလိုမီတာ)
 • ရေထု၁၆၅.၆ စတုရန်းမိုင် (၄၂၈.၈ စတုရန်းကီလိုမီတာ)
 • မြို့ပေါ်၃၃၅၂.၆ စတုရန်းမိုင် (၈၆၈၃.၂ စတုရန်းကီလိုမီတာ)
 • မြို့ပြကြီး၆၇၂၀ စတုရန်းမိုင် (၁၇၄၀၅ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၃ ပေ (၁၀ မီတာ)
လူဦးရေ (July 1, 2009)
 • မြို့ပြ၈၃၉၁၈၈၁
 • သိပ်သည်းမှု၂၇၅၃၂/sq mi (၁၀၆၃၀/km)
 • မြို့ပေါ်၁၈၂၂၃၅၆၇
 • မြို့ပေါ် သိပ်သည်းမှု၅၄၀၀/sq mi (၂၁၀၀/km)
 • မြို့ပြကြီး၁၉၀၀၆၇၉၈
 • မြို့ပြကြီး သိပ်သည်းမှု၂၈၀၀/sq mi (၁၁၀၀/km)
 • DemonymNew Yorker
အချိန်ဇုန်EST (UTC-5)
 • နွေရာသီ (DST)EDT (UTC-4)
ZIP codes100xx-104xx, 11004-05, 111xx-114xx, 116xx
ဧရိယာကုဒ်(များ)212, 718, 917, 347, www.nyc.gov

နယူးယောက်စီးတီး သို့မဟုတ် နယူးယောက်ဟု ခေါ်ဆိုလေ့ ရှိကြသော နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြို့တစ်မြို့ ဖြစ်သည်။ [၁]၂၀၁၈ ခုနှစ် ခန့်မှန်းခြေ လူဦးရေ ၈,၃၉၈,၇၄၈ ဦး ရှိပြီး[၂] ကုန်းမြေဧရိယာ ၃၀၂.၆ စတုရန်းမိုင် (၇၈၄ စတုရန်း ကီလိုမီတာ) ပေါ်တွင် နေထိုင်ကြသည်။[၃][၄] အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများထဲမှ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်း ဖြစ်သည်။ [၅] နယူးယောက်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသော နယူးယောက်မြို့သည် ကမ္ဘာပေါ်တွင် မြို့ပြဧရိယာအားဖြင့် အကြီးဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်သော နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ၏ ဗဟိုအချက်အခြာတွင် တည်ရှိပြီး[၆] ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[၇][၈] ၂၀၁၈ ခုနှစ် မက်ထရိုပိုလစ်တန် စာရင်းအင်း ဒေသတွင် လူဦးရေ ၁၉,၉၇၉,၄၇၇ ဦး ရှိပြီး ပေါင်းစပ် မက်ထရိုပိုလစ်တန် စာရင်းအင်းဒေသတွင် လူဦးရေ ၂၂,၆၇၉,၉၄၈ ဦး ရှိသည်။[၉][၁၀] ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး [၁၁] နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊[၁၂][၁၃][၁၄][၁၅][၁၆] ငွေကြေးဆိုင်ရာ [၁၇][၁၈] နှင့် မီဒီယာဆိုင်ရာ [၁၉][၂၀] မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကူးသန်းရောင်းဝယ်ရေး၊ [၁၈] ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့တော်အတွင်း လျှင်မြန်စွာ လှုပ်ရှား ပြုမှုနေကြခြင်းကြောင့် [၂၁][၂၂][၂၃] နယူးယောက်မိနစ် ဆိုသော စကား ဖြစ်ပေါ်လာခဲ့သည်။ [၂၄] ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ် တည်ရှိရာ မြို့ ဖြစ်သဖြင့် [၂၅] နယူးယောက်မြို့သည် နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါသော နေရာဌာန တစ်ခု ဖြစ်သည်။[၂၆][၂၇]

ကမ္ဘာပေါ်တွင် အကြီးဆုံးသော သဘာဝဆိပ်ကမ်း တစ်ခုပေါ်တွင် တည်ရှိသော [၂၈][၂၉] နယူးယောက်မြို့တွင် ဘားရာ ဟု ခေါ်သော ဒေသအပိုင်းအခြား ၅ ခု ပါဝင်ပြီး ထိုဒေသ ၅ ခုစလုံးသည် နယူးယောက်ပြည်နယ်၏ သီးခြား ကောင်တီတစ်ခုစီ ဖြစ်သည်။[၃၀] ထိုဘားရာ ငါးခုမှာ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နှင့် စတေတန်အိုင်းလန်း တို့ ဖြစ်ကြပြီး ၁၈၉၈ ခုနှစ်တွင် မြို့တစ်မြို့တည်း အဖြစ် စုစည်းခဲ့သည်။[၃၁] မြို့တော် နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် ဝင်ရောက်ရာ ထိပ်တန်း လူဝင်မှုကြီးကြပ်ရေးဝင်ပေါက် တစ်ခု ဖြစ်သည်။[၃၂] နယူးယောက်မြို့တွင် ဘာသာစကား ၈၀၀ ကျော်ကို ပြောဆိုလျှက်ရှိကြ သဖြင့်[၃၃][၃၄][၃၅] ကမ္ဘာပေါ်တွင် ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်အဖြစ် တည်ရှိသည်။[၃၄][၃၆][၃၇] နယူးယောက်မြို့တော်သည် အမေရိကန်ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော လူ ၃.၂ သန်းကျော်တို့ နေထိုင်ရာမြို့ ဖြစ်သဖြင့်[၃၈] ကမ္ဘာပေါ်တွင် နိုင်ငံခြားတွင် မွေးဖွားသူ အများဆုံး နေထိုင်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။[၃၉] ၂၀၁၉ ခုနှစ်တွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသ၏ စုစုပေါင်း မက်ထရိုပိုလစ်တန် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ မျှ ရှိသည်။[၄၀] အကယ်၍ နယူးယောက်မြို့တော်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည် ဆိုပါက ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ၁၂ ခုမြောက် အမြင့်ဆုံး နိုင်ငံ တစ်ခု ဖြစ်ပေလိမ့်မည်။[၄၁] နယူးယောက်သည် ကမ္ဘာပေါ်ရှိ မြို့တော်များတွင် ဘီလီယံနာ သူဌေး အများဆုံး မြို့ဖြစ်သည်။[၄၂]

နယူးယောက်မြို့၏ မူလအစကို ခြေရာခံကြည့်မည် ဆိုပါက ၁၆၄၂တွင် ဒတ်ချ်သမ္မတနိုင်ငံမှ ကိုလိုနီသမားတို့ မန်ဟတ်တန်အောက်ပိုင်းဒေသတွင် တည်ထောင်ခဲ့သော ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်သည်။ ထိုနေရာအား ၁၆၂၆တွင် နယူးအမ်စတာဒမ်ဟု အမည်ပေးခဲ့သည်။ .[၄၃]၁၆၆၄ တွင် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသတို့ အင်္ဂလိပ်တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး[၄၃] အင်္ဂလန်ရှိ ဒုတိယမြောက် ချားလ်ဘုရင်မှ ၎င်း၏ ညီအစ်ကို တော်စပ်သူ ယောက်မြို့စားကြီး အား ပေးအပ်ရာမှ နယူးယောက်ဟု အမည် ပြောင်းလဲခဲ့သည်။[၄၄]နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ [၄၅] ၁၇၉၀ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိခဲ့သည်။[၄၆] ၁၉ ရာစုနှောင်းပိုင်း နှင့် ၂၀ ရာစု အစောပိုင်းတို့တွင် အမေရိကန်သို့ သင်္ဘောဖြင့် ရောက်ရှိလာကြသည့် သန်းပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများအား လေဘာတီ ရုပ်တုမှ နှုတ်ခွန်းဆက်သခဲ့ပြီး။[၄၇]၎င်းသည် နိုင်ငံတကာအတွက် အမေရိကန်၏ သင်္ကေတတစ်ခု ဖြစ်ရုံသာမက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ [၄၈] ၂၁ရာစုတွင် နယူးယောက်သည်တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင် လုပ်ကိုင်ဆောင်ရွက်မှု၊ [၄၉]လူမှုရေးဆိုင်ရာ သည်းခံမှုနှင့် [၅၀]သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်မျှော်ရည်ထိန်းသိမ်းနိုင်မှု[၅၁][၅၂] တကမ္ဘာလုံး၏ ဆုံချက်တစ်ခု ဖြစ်ရုံသာမက လွတ်လပ်မှု နှင့် ယဉ်ကျေးမှု ပေါင်းစုံ ကွဲပြားခြားနားနေမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။[၅၃]၂၀၁၉ ခုနှစ်တွင် တကမ္ဘာလုံးရှိ မြို့ကြီးပေါင်း ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံရာတွင် မြို့တော်၏ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာပေါ်တွင် အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခြင်း ခံရသည်။[၁၂]

နယူးယောက်မြို့ရှိ ရပ်ကွက်များနှင့် အထိမ်းအမှတ်အဆောက်အဦးများကို အပြင်လူများက ကောင်းစွာ သိရှိကြကာ ၂၀၁၃ ခုနှစ် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်လည်ပတ်သော နေရာ ၁၀ ခုအနက် ၃ ခုသည် နယူးယောက်မြို့တွင် ရှိပြီး[၅၄] ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဦးရေ ၆၂.၈ သန်း လာရောက်လည်ပတ်ခဲ့သည်။[၅၅]အချို့သူများက နယူးယောက်အား ကမ္ဘာပေါ်တွင် ဓာတ်ပုံအများဆုံး ရိုက်ကူးရာ နေရာ အဖြစ် မှတ်တမ်းတင်ကြသည်။[၅၆][၅၇] ကမ္ဘာ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသော တိုင်းမ်စကွဲယား နှင့် [၅၈] ၎င်းနှင့် လမ်းဆုံရာတွင် ရှိသော [၅၉] မီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိထားသော ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက်[၆၀] တို့သည် ကမ္ဘာပေါ်တွင် ခြေလျှင်ခရီးသွား အများပြားဆုံး လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ[၆၁][၆၂] ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။[၆၃] မြို့တော်၏ အထိမ်းအမှတ် အဆောက်အဦးများ၊ မိုးမျှော်တိုက်များ [၆၄] နှင့် ပန်းခြံများ၏ အမည်များကို ကမ္ဘာအနှံ့အပြားတွင် သိရှိကြသည်။ မန်ဟတ်တန်၏ အိမ်ခြံမြေဈေးသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဖြစ်သည်။[၆၅][၆၆] နယူးယောက်သည် အာရှ၏ ပြင်ပတွင် တရုတ်လူမျိုးအများဆုံး နေထိုင်ရာ နေရာဖြစ်ပြီး[၆၇][၆၈] မြို့အနှံ့တွင် တရုတ်တန်းအဖြစ် နေရာအများအပြားကို ဖော်ဆောင်လျှက် ရှိကြသည်။[၆၉][၇၀][၇၁] ၂၄ နာရီ ၇ ရက် ဆက်တိုက် ဝန်ဆောင်မှု ပေးနေသော[၇၂] နယူးယောက် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် အော်ပရေတာ တစ်ဦးတည်းမှ ဝန်ဆောင်မှု ပေးနေသော အမြန်ရထားစနစ် ဖြစ်ပြီး ဘူတာရုံပေါင်း ၄၇၂ ခု ရှိသည်။[၇၃][၇၄][၇၅]နယူးယောက်မြို့တွင် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၁၂၀ ကျော် ရှိပြီး ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ရာတွင် ထိပ်ဆုံး၌ ပါဝင်သော[၇၆][၇၇] ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ ပါဝင်သည်။ ဝေါလမ်းမှ ထိန်းချုပ်စုစည်းထားသော မန်ဟတ်တန်အောက်ပိုင်းရှိ ငွေကြေးရပ်ကွက်ကြောင့် နယူးယောက်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဩဇာတိက္ကမ အကြီးမားဆုံး နှင့် ကမ္ဘာပေါ်ရှိ ဦးဆောင်ဦးရွက် ငွေကြေးဌာန အဖြစ် ခေါ်ဝေါ်ကြကာ[၁၈][၇၈][၇၉][၈၀] ကမ္ဘာပေါ်တွင် စုစုပေါင်း ဈေးကွက်ဝေစုအရ အကြီးဆုံးဖြစ်သော စတော့ခ်အိတ်ချိန်း နှစ်ခု ဖြစ်သည့် နယူးယောက် စတော့ခ် အိတ်ချိန်း နှင့် နတ်ဇ်ဒတ်ဇ် စတော့ခ်အိတ်ချိန်း တို့ သည်လည်း နယူးယောက်မြို့တွင် ရှိသည်။[၈၁][၈၂]

မာတိကာ

Other Languages
Afrikaans: New York
Alemannisch: New York City
aragonés: Nueva York
العربية: نيويورك
مصرى: نيويورك
asturianu: Nueva York
Aymar aru: New York
azərbaycanca: Nyu-York
تۆرکجه: نیویورک
башҡортса: Нью-Йорк
Boarisch: New York City
žemaitėška: Niojuorks
Bikol Central: Nueva York
беларуская: Нью-Ёрк
беларуская (тарашкевіца)‎: Нью-Ёрк
български: Ню Йорк
Banjar: New York
bamanankan: New York City
བོད་ཡིག: ནེའུ་ཡོར་ཀ།
brezhoneg: New York
bosanski: New York City
ᨅᨔ ᨕᨘᨁᨗ: Kuta New York
català: Nova York
Chavacano de Zamboanga: New York (ciudad)
Mìng-dĕ̤ng-ngṳ̄: Niū-iók-chê
нохчийн: Нью-Йорк
Chamoru: New York City
corsu: New York
qırımtatarca: Nyu York
čeština: New York
Чӑвашла: Нью-Йорк
Deutsch: New York City
dolnoserbski: New York City
eʋegbe: New York City
Ελληνικά: Νέα Υόρκη
emiliàn e rumagnòl: New York
English: New York City
Esperanto: Novjorko
español: Nueva York
eesti: New York
euskara: New York
estremeñu: Nueva York
فارسی: نیویورک
suomi: New York
Võro: New York
Na Vosa Vakaviti: New York City
føroyskt: New York City
français: New York
Nordfriisk: New York City
贛語: 紐約市
galego: Nova York
گیلکی: نيؤيؤرک
Avañe'ẽ: Táva Nueva York
𐌲𐌿𐍄𐌹𐍃𐌺: 𐌽𐌹𐌿 𐌹𐌰𐌿𐍂𐌺
ગુજરાતી: ન્યુ યોર્ક
客家語/Hak-kâ-ngî: New York Sṳ
עברית: ניו יורק
Fiji Hindi: New York City
hornjoserbsce: New York City
Kreyòl ayisyen: Nouyòk
magyar: New York
հայերեն: Նյու Յորք
Արեւմտահայերէն: Նիւ Եորք
interlingua: New York (citate)
Bahasa Indonesia: Kota New York
Interlingue: New York
ГӀалгӀай: Нью-Йорк
íslenska: New York-borg
italiano: New York
la .lojban.: niu,IORK. zei tcadu
Jawa: New York
ქართული: ნიუ-იორკი
Qaraqalpaqsha: Nyu York
Taqbaylit: New York
Адыгэбзэ: Нью-Йорк
Kabɩyɛ: Niyuu Yɔrɩkɩ
Gĩkũyũ: New York City
қазақша: Нью-Йорк
ភាសាខ្មែរ: ទីក្រុងញូវយ៉ក
한국어: 뉴욕
къарачай-малкъар: Нью-Йорк
kernowek: Evrek Nowydh
Кыргызча: Нью-Йорк
Lëtzebuergesch: New York City
лезги: Нью-Йорк
Limburgs: New York City
Ligure: Neuva York
lumbaart: New York
lingála: New York
لۊری شومالی: نیویورک سیتی
lietuvių: Niujorkas
latviešu: Ņujorka
Basa Banyumasan: New York
Malagasy: New York
олык марий: Нью-Йорк
македонски: Њујорк (град)
кырык мары: Нью-Йорк
Bahasa Melayu: Bandar Raya New York
Mirandés: Nuoba Iorque
эрзянь: Нью-Йорк ош
مازِرونی: نیویورک
Dorerin Naoero: New York
Napulitano: Nova York
Plattdüütsch: New York
Nedersaksies: Niej-York
नेपाल भाषा: न्यु यर्क नगर
Nederlands: New York (stad)
norsk nynorsk: New York by
norsk: New York
Novial: Novi York
Nouormand: Nouvieau York
Sesotho sa Leboa: New York City
Chi-Chewa: New York City
occitan: Nòva York
Livvinkarjala: New York
Ирон: Нью-Йорк
Kapampangan: New York Lakanbalen
Papiamentu: New York City
Pälzisch: New York City
Norfuk / Pitkern: Nyuu York
polski: Nowy Jork
Piemontèis: New York
پښتو: نیویورک
português: Nova Iorque
Runa Simi: New York
rumantsch: New York
romani čhib: New York City
armãneashti: New York
tarandíne: Nuève York
русский: Нью-Йорк
русиньскый: Ню Йорк (місто)
संस्कृतम्: न्‍यू यॉर्क्
саха тыла: Нью Йорк
ᱥᱟᱱᱛᱟᱲᱤ: ᱱᱤᱣ ᱭᱚᱨᱠ
sicilianu: Nova York
srpskohrvatski / српскохрватски: New York
Simple English: New York City
slovenčina: New York (mesto)
slovenščina: New York
Gagana Samoa: Niu Ioka
Soomaaliga: New York
српски / srpski: Њујорк
Sranantongo: New York City
Seeltersk: New York
svenska: New York
Kiswahili: New York
ślůnski: Nowy Jork
తెలుగు: న్యూయార్క్
тоҷикӣ: Ню-Йорк
Türkmençe: Nýu-Ýork şäheri
Tok Pisin: Niu Yok Siti
Türkçe: New York
татарча/tatarça: Нью-Йорк
reo tahiti: New York
удмурт: Нью-Йорк
ئۇيغۇرچە / Uyghurche: Nyu York Shehiri
українська: Нью-Йорк
oʻzbekcha/ўзбекча: New York (shahar)
vèneto: New York
vepsän kel’: Nju Jork
Tiếng Việt: Thành phố New York
Volapük: New York (zif)
吴语: 纽约市
მარგალური: ნიუ-იორკი
Yorùbá: New York
Vahcuengh: Niujyoz
Zeêuws: New York City
中文: 纽约
文言: 紐約市
Bân-lâm-gú: New York Chhī
粵語: 紐約