ဒြပ်စင်အလှည့်ကျဇယား

၁၈၆၉ တွင် ရုရှားဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) မှ ရာစုနစ် များစွာက တွေ့ရှိခဲ့ကြသည့် ဒြပ်စင်များအား ဓာတုဂုဏ်သတ္တိများပါဝင်သော ဒြပ်စင်အလှည့်ကျဇယား (periodic table) တစ်ခုအဖြစ် ရေးဆွဲထုတ်ဖော် ခဲ့သည်။ periodic table သည် သဘာဝ၏ ဥပဒေသများကို လိုက်နာကိုယ်စားပြုသည်။ အက်တမ်များ၏ အက်တမ်အမှတ်စဉ်ကို စီစဉ်ပေးခြင်းအားဖြင့် တိကျသော ၎င်းတို့၏ ဂုဏ်သတ္တိများကို သိသာထင်ရှားစွာ မြင်သာ စေသည်။ထို့ကြောင့် ဓာတုဒြပ်စင်များ၏အကြောင်းကို အလွယ်တကူ သိရှိနိုင်ပါသည်။

ဓာတု ဒြပ်စင်များ နှင့် ဒြပ်စင်အလှည့်ကျဇယား သမိုင်း

၁၆၆၉ ခုနစ်တွင် ဂျာမန် လူမျိုး သိပ္ပံပညာရှင် (German merchant and amateur alchemist Hennig Brand) သည် စိတ်ကူးယဉ်ဆန်သော Philosopher’s Stone အား ဖန်တီးရန် စတင်ကြိုးစားခဲ့သည်။ ၎င်းကျောက်တုံးသည် အရာဝထ္တုတစ်ခုကို သန့်စင်ကောင်းမွန်သော ရွှေအဖြစ်သို့ ပြောင်းလဲနိင်မည်ဟု တွေးထင်ခဲ့သည်။ Henning Brand သည် ပွက်ပွက်ဆူပြီးသော ဆီး( urine ) မှ အကြွင်းအကျန်များအား အပူပေးခဲ့သည်။ အရည်များ ကုန်ဆုံးသွားသည့်အခါ မီးတောက်ငယ်များအဖြစ် တောက်လောင် သွားကြသည်။ ၎င်းစမ်းသပ်မှုသည် ပထမဦးဆုံးသော ဖော့စဖော့ရပ်စ် (phosphorus) ရှာဖွေမှု ဖြစ်ခဲ့ပါသည်။

တီထွင်သူDmitri Mendeleev

၁၆၈၀ တွင် Robert Boyle သည်လည်း phosphorus ကို ရှာဖွေ တွေ ရှိခဲ့ပါသည်။

၁၈၀၉ ခုနစ်တွင် ဒြပ်စင် ၄၇ မျိုးအထိ ရှာဖွေနိုင်ခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် ၎င်းဒြပ်စင်များ၏ ဝိသေသ လက္ခဏာများအား သိရှိနိုင်စေရန် ဆက်လက် ကြိုးစားခဲ့ကြပါသည်။ ၁၈၆၃ ခုနစ်တွင် အင်္ဂလိပ် ဓာတုဗေဒပညာရှင် John Newlands သည် ရှာဖွေတွေရှိခဲ့သောဒြပ်စင် ၅၆ မျိုးအား အုပ်စု ၁၁ အုပ်စုအဖြစ် ဖွဲစည်းခဲ့သည်။

၁၈၆၉ ခုနစ်တွင် ရုရှား ဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် သည်ဒြပ်စင်များ၏ အက်တမ်အမှတ်စဉ်အရ အလှည့်ကျဇယားကို ရေးဆွဲခဲ့ပါသည်။ သူသည် နောက်ထပ် တွေ့ရှိမည်ဖြစ်သော ဒြပ်စင်များအကြောင်းကိုပင် ကြိုတင်ပြောကြားခဲ့ပြီး ၎င်းဒြပ်စင်များအတွက် နေရာများအား ဇယားတွင် ချန်လှပ်ထားခဲ့သည်။

၁၈၈၆ ခုနစ်တွင် ပြင်သစ် ရူပဗေဒပညာရှင် (Antoine Bequerel) သည် ရေဒီယိုသတ္တိကြွစွမ်းအင်အား ပထမဆုံးရှာဖွေတွေ့ ရှိခဲ့ပါသည်။ ထို့နောက် နယူးဇီလန် တက္ကသိုလ်မှ ကျောင်းသား သွန်ဆမ်သည် ရေဒီယိုသတ္တိကြွခြင်းမှ alpha, beta and gamma ဟုခေါ်သော ရောင်ခြည် ၃ မျိုးအား အမည်နာမ သတ်မှတ်ခဲ့ပါသည်။

၁၈၉၄ ခုနစ်တွင် Sir William Ramsay နှင့် Lord Rayleigh တို့သည် အစွမ်းမဲ့ ဓာတ်ငွေ့များ (nobel gas) ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဓာတ်ငွေ့များအား အလှည့်ကျဇယား၏ အုပ်စုနံပါတ် သုညတွင် ထည့်သွင်း သတ်မှတ်ခဲ့ပါသည်။

၁၈၉၇ ခုနစ်တွင် အင်္ဂလိပ် ရုပဗေဒပညာရှင် ဂျေဂျေ သော်မဆင် (J. J. Thomson) သည် အက်တမ် တခုတွင် လျှပ်စစ်ဓာတ်မ စွမ်းအင်ရှိသော အီလက်ထရွန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ John Townsend နှင့် Robert Millikan တို့သည် ၎င်းအီလက်ထရွန်များ၏ ထုထည် (mass) နှင့် တိကျသော လက္ခဏာ (exact charge) ကို အတိအကျရှာဖွေခဲ့ကြသည်။

၁၉၀ဝ တွင် Bequerel သည် အီလက်ထရွန် နှင့် ဘီတာအမှုန် (beta particles) များကို ဆက်လက် ရှာဖွေနိုင်ခဲ့သည်။ ၁၉၀၃ ခုနစ်တွင် Rutherford သည် အက်တမ်းများ ပျက်စီးယို့ယွင်းခြင်းအားဖြင့် ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်သည်ဟု ကြေငြာခဲ့သည်။

၁၉၁၁ ခုနစ်တွင် Rutherford နင့် ဂျာမန် ရူပဗေဒပညာရှင် Hans Geiger တို့သည် အက်တမ်၏ နျူကလိယပ်စ်အား အီလက်ထရွန်များ လှည့်ပတ်နေသည်ဆိုသော အကြောင်းအရာအား ရှာဖွေခဲ့ကြပါသည်။

၁၉၁၃ ခုနစ် သိပ္ပံပညာရှင် Bohr ၏ တွေ့ရှိချက်အရ အီလက်ထရွန်များသည် နျူထရွန်များ၏ ဘေးပတ်လည်တွင် ခြားနားသော စွမ်းအင်များနှင့်အတူ ပတ်လမ်း (orbit ) ဟုခေါ်သော လမ်းကြောင်းဖြင့် လှည့်ပတ်နေကြသည်ကို သိရှိခဲ့ကြပါသည်။ အီလက်ထရွန်များ ပတ်လမ်းကြောင်းတစ်ခု မှ တစ်ခု ရွေ့ပြောင်းသောအခါတွင် ရေဒီယိုသတ္တိကြွခြင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကိုလည်း ဖော်ပြခဲ့ပါသည်။

၁၉၁၄ ခုနစ်တွင် Rutherford သည် အက်တမ်၏ နျူကလီးယပ် ထဲတွင်ရှိသော ပရိုတွန်ကို အတိအကျ ရှာဖွေတွေရှိခဲ့သည်။

၁၉၃၂ တွင် James Chadwick သည် ပထမဆုံး နျူထရွန်ကို ရှာဖွေတွေ ့ရှိခဲ ့သည်။ isotopes များကိုလည်း ထပ်မံ တွေ့ရှိခဲ့သည်။ ၎င်းတိုသည် ဒြပ်စင်အလှည့်ကျဇယားအတွက် အခြေခံအား ပြီးပြည့်စုံစေပါသည်။ ၎င်းနှစ်တွင်ပင် Cockroft နှင့် the Irishman Walton တို့သည်လည်း အမှုန်တစ်ခုထဲရှိ အက်တမ်တစ်ခုအား အမှုန်အရှိန်မြှင့် ကိရိယာထဲတွင် လီသီယမ် နှင့် ရိုက်ခတ်လိုက်သောအခါ ဟီလီယမ် ၂ ခု အဖြစ်ပြောင်းလဲသွားသည် ကိုထပ် မံတွေ့ရှိခဲ့သည်။

၁၉၄၅ တွင် Glenn Seaborg သည် lanthanides နှင့် actinides (atomic number 92U ထက်များသော ဒြပ်စင်) များကို တွေ့ရှိခဲ့ပါသည်။ ၎င်းတို့အား ဇယား၏အောက်ခြေတွင် တွေ့ရှိရပါသည်။[၁]

Other Languages
Afrikaans: Periodieke tabel
Alemannisch: Periodensystem
العربية: جدول دوري
asturianu: Tabla periódica
Boarisch: Periodnsystem
беларуская (тарашкевіца)‎: Пэрыядычная сыстэма хімічных элемэнтаў
বিষ্ণুপ্রিয়া মণিপুরী: পর্যায় সারণী
Mìng-dĕ̤ng-ngṳ̄: Nguòng-só ciŭ-gĭ-biēu
Cymraeg: Tabl cyfnodol
ދިވެހިބަސް: ޕީރިއަޑިކް ތާވަލު
Esperanto: Perioda tabelo
Gàidhlig: Clàr pillteach
ગુજરાતી: આવર્ત કોષ્ટક
客家語/Hak-kâ-ngî: Ngièn-su chû-khì-péu
Fiji Hindi: Periodic table
Bahasa Indonesia: Tabel periodik
íslenska: Lotukerfið
日本語: 周期表
Taqbaylit: Ayiren imezzi
Gĩkũyũ: Metha Njokereri
한국어: 주기율표
lumbaart: Taula periodica
Minangkabau: Tabel periodik
Bahasa Melayu: Jadual berkala
Plattdüütsch: Periodensystem
नेपाल भाषा: तत्त्वमां
Nederlands: Periodiek systeem
norsk nynorsk: Periodesystemet
Papiamentu: Mesa periodiko
Piemontèis: Tàula periòdica
português: Tabela periódica
tarandíne: Tavele Periodiche
srpskohrvatski / српскохрватски: Periodni sistem elemenata
Simple English: Periodic table
српски / srpski: Периодни систем
Sranantongo: Periodiki sistemi
Kiswahili: Mfumo radidia
Türkçe: Periyodik tablo
oʻzbekcha/ўзбекча: Kimyoviy elementlar davriy sistemasi
Tiếng Việt: Bảng tuần hoàn
West-Vlams: Periodiek système
Bân-lâm-gú: Chiu-kî-piáu