ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့
WWF logo
အတိုကောက်WWF
ဆောင်ပုဒ်လူသားနှင့် သဘာဝ သဟဇာတဖြစ်သော အနာဂတ်တစ်ခု တည်ဆောက်ရန်
ဖွဲ့စည်းခြင်း၂၉ ဧပြီ ၁၉၆၁ (၁၉၆၁-၀၄-၂၉)a
တည်ထောင်သူများ
  • Bernhard of Lippe-Biesterfeld b
  • Julian Huxley
  • Max Nicholson
  • Peter Scott
  • Guy Mountfort
  • Godfrey A. Rockefeller
အမျိုးအစားအလှူအတန်း ရန်ပုံငွေ
ဦးတည်ချက်သဘာဝပတ်ဝန်းကျင်ရေးရာ
ဌာနချုပ်Avenue du Mont-Blanc,
ဂလန်း၊ ဗော့ဒ်၊ ဆွစ်ဇာလန်။
ကိုဩဒိနိတ်46°25′02″N 6°16′15″E / 46°25′02″N 6°16′15″E / 46.4171864; 6.2709482
ဝန်ဆောင်မှုဒေသ
ကမ္ဘာ့တဝှမ်းလုံး
ဝန်ဆောင်မှုနည်းလမ်းများ
  • စည်းရုံးလှုံ့ဆော်ခြင်း
  • သုတေသန
  • တိုင်ပင်အကြံပေးခြင်း
အရေးကြီးပုဂ္ဂိုလ်များ
  • Prince Philip, Duke of Edinburgh၊ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ
  • Yolanda Kakabadse၊ ဥက္ကဋ္ဌ
  • Marco Lambertini၊ ညွှန်ကြားရေးမှူးချုပ်
ဘဏ္ဍာရေး (၂၀၁၀[၁])
၆၅၄ သန်း (၂၀၁၃)
ကြော်ငြာဆောင်ပုဒ်"For a Living Planet"
ဝက်ဘ်ဆိုဒ်
Earth Hour 2013 at the Verona Arena amphitheatre, Piazza Bra, Verona, Italy before (top) and while the street lighting was switched off.

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (အင်္ဂလိပ်: World Wide Fund for Nature; အတိုကောက် WWF) သည် ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတင် တည်ထောင်ပြီး ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးနှင့် လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနေမှုများအား လျှော့ချရေး ဆိုင်ရာ နယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ ဟုယခင်က ခေါ်တွင်ခဲ့ပြီး ကနေဒါနှင့် အမေရိကန် နိုင်ငံများတွင် ယင်းအမည်ကို ယနေ့ထက်တိုင် အသုံးပြုနေဆဲ ဖြစ်သည်။

ယင်းသည် ကမ္ဘာ့အကြီးဆုံးပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖြစ်ပြီး ကမ္ဘာအဝှမ်း ထောက်ခံပံ့ပိုးသူပေါင်း ၅ သန်းကျော် ရှိကာ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းပေါင်း ၁၃၀၀ ခန့် [၃] ကို ပံ့ပိုးပေးနေပါသည်။ WWF သည် ၂၀၁၄ ခုနှစ်အတွင်း လူပုဂ္ဂိုလ်များနှင့် သေတမ်းစာဖြင့် ချန်ထားခဲ့သည်များမှ ရန်ပုံငွေ ၅၅%၊ (ကမ္ဘာ့ဘဏ်၊ DFID၊ USAID တို့ကဲ့သို့သော) အစိုးရ အရင်းအမြစ်များထံမှ ၁၉% နှင့် စီးပွားရေး ကော်ပိုရေးရှင်းကြီးများထံမှ ၈% ရရှိသော ဖောင်ဒေးရှင်း[၄] တစ်ခု ဖြစ်ပါသည်။[၁]

အဖွဲ့၏ ရပ်တည်ချက်သည် "ဂြိုဟ်ကမ္ဘာ၏ သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်ယွင်းလာနေမှုကို တားဆီးရန်နှင့် လူသားများနှင့် သဘာဝ သဟာဇာတ ဖြစ်စွာ နေထိုင်ကြသည့် အနာဂတ်တစ်ခု တည်ဆောက်ရန်" ဖြစ်ပါသည်။[၅] လက်ရှိအချိန်တွင် ကမ္ဘာ့ ဇီဝမျိုးစုံမျိုးကွဲများ အဓိက နေထိုင် ကျက်စားကြရာ အစိတ်အပိုင်းကြီး ၃ ခုဖြစ်သည့် သမုဒ္ဒရာနှင့် ကမ်းရိုးတမ်းဒေသများ၊ သစ်တောများနှင့် ရေချိုဒေသများ၏ ဂေဟစနစ်များအား ထိန်းသိမ်းခြင်းကို အဓိက အာရုံစိုက်ထားသည်။

သမိုင်းကြောင်း

WWF ဆိုသည့် အဖွဲ့ကြီးသည် ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် မော့ဂ်ကြေငြာစာတမ်းဟုခေါ်သည့် ခံယူချက် ပြင်းပြကြသည့် လူပုဂ္ဂိုလ် အစုအဖွဲ့ငယ်လေး တစ်ခုက ထုတ်ပြန်လိုက်သည့် ကြေငြာချက်တစ်ခုနှင့် အတူ ကမ္ဘာပေါ်၌ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ယင်း၏ ပထမဆုံးသော ရုံးကို ဆွစ်ဇာလန်နိုင်ငံ မော့ဂ်မြို့တွင် ၁၉၆၁ ခုနှစ် စက်တင်ဘာလ၌ ဖွင့်လှစ်ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က "ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (World Wildlife Fund)" ဟု မှည့်ခေါ်ခဲ့သည်။ သို့ပေမယ့် ၁၉၈၆ ခုနှစ်တွင် ဤအမည်သည် အဖွဲ့အစည်း၏ လုပ်ငန်းအားလုံးကို ခြုံငုံကိုယ်စားပြုနိုင်ခြင်း မရှိတော့ဟု ယူဆခဲ့သဖြင့် "ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature)" ဟု အမည်ပြောင်းလဲခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် ကနေဒါ နိုင်ငံများရှိ အဖွဲ့ခွဲများက အမည်ဟောင်းကိုသာ ဆက်လက် သုံးစွဲခဲ့ကြသည်။ ထိုသို့ အမည်နာမ ရှုပ်ထွေးမှုက အဖွဲ့ခွဲများ တည်ရှိရာ နိုင်ငံများ၏ ဘာသာစကားပေါင်း ၁၅ မျိုးကျော်သို့ ဘာသာပြန်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်စေခဲ့သောကြောင့် ၁၉၆၁ ခုနှစ် စတင် တည်ထောင်စဉ်ကတည်းက လူအများ သိရှိအကျွမ်းဝင်ခဲ့ကြပြီး ဖြစ်သည့် အတိုကောက်စကားလုံး ဖြစ်သော WWF ကိုသာ တစ်ကမ္ဘာလုံး ဘုံအဖြစ် အသုံးပြုကြရန် ၂၀၀၁ ခုနှစ်တွင် အဖွဲ့ခွဲများအကြား သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

Other Languages
Alemannisch: WWF
беларуская (тарашкевіца)‎: Сусьветны фонд дзікай прыроды
Deutsch: WWF
Esperanto: WWF
suomi: WWF
français: WWF
furlan: WWF
magyar: WWF
Bahasa Indonesia: World Wide Fund for Nature
italiano: WWF
ភាសាខ្មែរ: WWF
Bahasa Melayu: Tabung Alam Sedunia
srpskohrvatski / српскохрватски: Svetska fondacija za prirodu
српски / srpski: Svetska fondacija za prirodu